အကောင့်ထဲတွင် ကျန်ရှိနေသောငွေအား မည်ကဲ့သို့ထုတ်ယူရမလဲ။

အကောင့်ထဲတွင် ကျန်ရှိနေသောငွေအား မည်ကဲ့သို့ထုတ်ယူရမလဲ။

  • ဖုန်းခေါ်ဆိုမှုပြု၍ ငွေထုတ်ယူရာတွင်
    (အမည် ၊ မှတ်ပုံတင်အမှတ် ၊ Trading Account No. ၊ ဘဏ်အကောင့်နံပါတ် တို့ကိုပြောပြရန်လိုအပ်ပါသည်။ )
  • အီးမေးလ်ပို့၍ ငွေထုတ်ယူရာတွင်
    1. ပထမဆုံးအနေနှင့် ဤလင့်ခ်တွင် ဝင်ရောက်၍ ငွေထုတ်လွှာဖောင်ပုံစံကို ရယူပါ။
    2. ယင်းဖောင်တွင် လိုအပ်သောအချက်အလက်များကို ဖြည့်စွက်၍ လက်မှတ်ထိုးပါ။
    3. ဤလက်မှတ်ထိုးထားသော ငွေထုတ်လွှာဖောင်အား အောက်ဖော်ပြပါ CB Securities အီးမေးလ်လိပ်စာသို့ scan ဖတ်၍ဖြစ်စေ၊ ဓာတ်ပုံရိုက်၍ဖြစ်စေ ပြန်လည်ပေးပို့ရပါမည်။ အီးမေးလ် – contact@cbsecurities.com.mm
    4. အကောင့်ဖွင့်ခဲ့စဉ်၌ ဖော်ပြခဲ့သော ဖုန်းနံပါတ်ကို CB Securities မှ ခေါ်ဆို၍ ငွေထုတ်ယူရန်တောင်းဆိုမှုကို အတည်ပြုမည်ဖြစ်ပါသည်။