Demateralization ( ဒီမက် )

  • Demateralization (ဒီမက်) ဆိုသည်မှာ စာရွက်စာတမ်း ပုံစံဖြင့်တည်ရှိနေသော အစုရှယ်ယာလက်မှတ်များကို book-entry စနစ် အစုရှယ်ယာများပုံစံဖြင့် အစားထိုးခြင်းဖြစ်ပါသည်။

  • Demateralization (ဒီမက်) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အများပိုင်ကုမ္ပဏီတစ်ခုသည် စတော့ပ်အိတ်ချိန်း ပေါ်တွင် စာရင်းဝင်သွားချိန်မှစ၍ ယင်းကုမ္ပဏီ၏ စာရွက်စာတမ်းပုံစံဖြင့် တည်ရှိနေသည့် အစုရှယ်ယာလက်မှတ်များသည် ရန်ကုန်စတော့ပ်အိတ်ချိန်း ပေါ်တွင် အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက အကျုံးမဝင်တော့ပါ။ ယင်းအတွက် Demateralization (ဒီမက်) ပြုလုပ်ပေးရန်လိုအပ်ပါသည်။

  • Demateralization (ဒီမက်) လျှောက်ထားပါက သင်၏ အစုရှယ်ယာလက်မှတ်မူရင်းကို CB Securities သို့ ပြန်လည်ပေးပို့ရန် လိုအပ်ပါသည်။

  • အစုရှယ်ယာလက်မှတ်မူရင်းကို Demateralization (ဒီမက်)ပြုလုပ်ခြင်းအတွက် CB Securities ရုံးခန်း သို့မဟုတ် နီးစပ်ရာ CB ဘဏ်ခွဲများသို့ တိုက်ရိုက်လာရောက်၍ ဆောင်ရွက်နိုင်ပါသည်။

  • အစုရှယ်ယာလက်မှတ်မူရင်းကို Demateralization (ဒီမက်)ပြုလုပ်လိုသူသည် ငွေချေးသက်သေခံစာချုပ်ရောင်းဝယ်ရန်အကောင့် မရှိသေးပါက အကောင့် ဖွင့်ရန် လိုအပ်ပါသည်။

အစုရှယ်ယာစာရင်းပြောင်းခြင်း ( Non-Exchange Transaction Transfer )

၁။ သင် ပိုင်ဆိုင်သော အစုရှယ်ယာများကို အခြား Securities company မှ CB Securities သို့ စာရင်းပြောင်းခွင့်ရှိပါသည်။ ထိုနည်းလည်းကောင်း CB Securities Ltd မှ တခြား Securities Ltd သို့လည်း စာရင်း ပြောင်းခွင့်ရှိပါသည်။

၂။ သို့သော် မိမိ၏ Trading Account မှ မိမိကိုယ်ပိုင်မဟုတ်သည့် အခြားသူ၏ Trading Account တစ်ခု သို့ အစုရှယ်ယာ စာရင်းပြောင်းခွင့်မရှိပါ။

၃။ လျှောက်ထားသူသည် Transfer Account Information Form တွင် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်ရန် လိုအပ်ပါသည်။

၄။ အခြား Securities company သို့ ပြောင်းရွှေ့ခြင်းအတွက် ရှယ်ယာအမျိုးအစားတစ်ခုလျှင် ငွေ 5000 ကျပ် YSX မှ ကောက်ခံပါသည်။

၅။ အစုရှယ်ယာစာရင်းပြောင်းခြင်းကို CB Securities ရုံးခန်းသို့သာ လာရောက်၍ လျှောက်ထားနိုင်သည်။