အစိုးရငွေတိုက်စာချုပ်များနှင့် အစုရှယ်ယာများအရောင်းအဝယ်ပြုလုပ်နိုင်ရန် ငွေချေးသက်သေခံစာချုပ် ရောင်းဝယ်ခြင်း အကောင့်ဖွင့်ရန် လိုအပ်ပါသည်။ အကောင့်ဖွင့်ရန် ဤနေရာ ကို နှိပ်ပါ။

 

အရောင်း/အဝယ်ပြုလုပ်ပုံ အဆင့်ဆင့်

  • အဝယ်အော်ဒါတင်သူများသည် ရှယ်ယာတန်ဖိုးနှင့် ကော်မရှင်ခအပြင် အစိုးရတံဆိပ်ခေါင်းခွန် ဝ.၁% ပေးချေရန်အတွက် မိမိအကောင့်ထဲတွင် ငွေအလုံအလောက်ရှိရပါမည်၊
  • အရောင်း/အဝယ်အော်ဒါကို နည်း (၃) မျိုးဖြင့် တင်နိုင်ပါသည်။
    • ၁။ CB Trader Mobile Application ဖြင့်သော်လည်းကောင်
    • ၂။ ဖုန်းဆက်၍ သော်လည်းကောင်း
    • ၃။ လူကိုယ်တိုင် CB Securities သို့လာရောက်၍ သော်လည်းကောင်း

အရောင်း/အဝယ် အောင်မြင်ခြင်း

  • အရောင်း/အဝယ်အောင်မြင်ပါက သင်၏ email ထဲသို့
    • ၁။ Trade Confirmation Letter
    • ၂။ Contract Note
    • ၃။ Transaction withholding Statement

    စသည့်အထက်ဖော်ပြပါ email များ ရောက်ရှိလာပါလိမ့်မည်။

  • သင့်အော်ဒါသည် အနီးကပ်ဆုံးအရောင်း/အဝယ်ပြုလုပ်နိုင်သည့်အချိန်အတွင်း မအောင်မြင်ခဲ့သော် သင်မဖျက်သိမ်းခဲ့ပါက ၎င်းအော်ဒါသည် ထိုနေ့ဈေးကွက်မပိတ်မချင်း အခြား အရောင်း/အဝယ် ပြုလုပ်နိုင်သည့်အချိန်များတွင် ဆက်လက်အကျုံးဝင်သွားမည်ဖြစ်သည်။ အော်ဒါများသည် တစ်နေ့တာအတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး ထိုနေ့အတွင်း မအောင်မြင်သွားသော အော်ဒါများအား ပြန်လည်တင်ရမည်ဖြစ်ပါသည်။

စာရင်းရှင်းလင်းခြင်း ( T+3 )

  • စာရင်းရှင်းလင်းခြင်းလုပ်ငန်းစဉ်သည် အရောင်းအဝယ်အောင်မြင်သည့်နေ့မှစ၍ (၃) ရက်မြောက်သောနေ့တွင် ဆောင်ရွက်သည်။ ( သတိပြုရန်။ ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များကို ထည့်တွက်ခြင်းမပြုပါ။ )
  • စာရင်းရှင်းလင်းပြီးသည့်နောက်တွင် ရှယ်ယာဝယ်ထားသူများသည် ရှယ်ယာရရှိမည်ဖြစ်ပြီး ၊ ရှယ်ယာရောင်းထားသူများသည် ငွေကြေးရရှိမည်ဖြစ်သည်။ ( သတိပြုရန်။ ။ အကယ်၍ ဝယ်ထားသောရှယ်ယာကိုပြန်ရောင်းလိုပါက နောက် matching time တွင်ပြန်ရောင်းနိုင်ပါသည်။ (၃) ရက်စောင့်ရန် မလိုပါ။ အကယ်၍ ရှယ်ယာရောင်းထားသောငွေဖြင့် ရှယ်ယာပြန်ဝယ်လိုပါက (၁) ရက်သာစောင့်ရန် လိုအပ်ပါသည်။ သို့သော် ရောင်း၍ရရှိသောငွေသားကို ထုတ်ယူလိုပါက (၃)ရက်စောင့်ရန် လိုအပ်ပါသည်။

အကျိုးဆောင်ခနှင့် ဝန်ဆောင်မှုနှုန်းထားများ

အရောင်းအဝယ်ပမာဏ နှုန်းထားများ
1,000,000 ကျပ်နှင့်အောက် အရောင်းအဝယ် ပမာဏ၏ 1.0%
1,000,001-10,000,000 ကျပ် အရောင်းအဝယ် ပမာဏ၏ 0.7%
10,000,001-100,000,000 ကျပ် အရောင်းအဝယ် ပမာဏ၏ 0.5%
100,000,000 ကျပ် နှင့်အထက် အရောင်းအဝယ် ပမာဏ၏ 0.4%
  • အဝယ်အော်ဒါ ဖြစ်ပါက တံဆိပ်ခေါင်းခွန် 0.1% ပေးဆောင်ရမည်။

အရောင်းအဝယ်ပြုလုပ်နိုင်သည့်အချိန်

  • YSX တွင် အရောင်းအဝယ်သည် တစ်နေ့လျှင် (၇) ကြိမ် ဖြစ်ပေါ်ပါသည်။
    • နံနက် ၁၀ နာရီ
    • နံနက် ၁၀း၃၀ နာရီ
    • နံနက် ၁၁ နာရီ
    • နံနက် ၁၁း၃၀ နာရီ
    • နေ့လည် ၁၂ နာရီ
    • နေ့လည် ၁၂း၃၀ နာရီ
    • နေ့လည် ၁ နာရီ
  • အရောင်း/အဝယ်အော်ဒါ တင်နိုင်သောအချိန်သည် နံနက် ၉ နာရီ မှ နေ့လည် ၁ နာရီ အတွင်းဖြစ်သည်။
  • နေ့လည် ၁ နာရီနောက်ပိုင်းမှ တင်သောအော်ဒါများသည် မနက်ဖြန်အတွက် ကြိုတင်အော်ဒါ ( AMO – After Marker Order ) အဖြစ် သတ်မှတ်ပြီး ၎င်းအော်ဒါသည် နောက်တစ်နေ့ ဈေးကွက်ဖွင့်သည့်အခါ ပထမဆုံးအရောင်းအဝယ်ပြုလုပ်မည့်အချိန်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။

Upper/Lower Limit and Tick Size

Base Price (MMK) Price Limit (MMK)(upper/lower) Tick Size (MMK)
From Below
1,000 100 10
1,000 2,000 250 50
2,000 4,000 500 50
4,000 10,000 1,000 100
10,000 20,000 2,500 500
20,000 40,000 5,000 500
40,000 100,000 10,000 1000
  • Upper Limit ဆိုသည်မှာ ရှယ်ယာတစ်ခု၏ တစ်နေ့တာအတွင်း အမြင့်ဆုံးဖြစ်နိုင်သော ဈေးကို ဆိုလိုသည်။
  • Lower Limit ဆိုသည်မှာ ရှယ်ယာတစ်ခု၏ တစ်နေ့တာအတွင်း အနိမ့်ဆုံးဖြစ်နိုင်သော ဈေးကို ဆိုလိုသည်။
  • Tick Size ဆိုသည်မှာ ရှယ်ယာတစ်ခု၏ တစ်ခါလျှင် ပြောင်းလဲတင်နိုင်သော ဈေးကိုဆိုလိုသည်။

( ဥပမာ။ ။ ရှယ်ယာတစ်ခုသည် ၅၀၀၀ ကျပ်ရှိပါက ၎င်း၏ တစ်နေ့တာအတွင်း အမြင့်ဆုံးရောက်နိုင်သောဈေးမှာ ၆၀၀၀ ကျပ်ဖြစ်ပြီး တစ်နေ့တာအတွင်း အနိမ့်ဆုံးရောက်နိုင်သော ဈေးမှာ ၄၀၀၀ ကျပ်ဖြစ်သည်။ Tick Size သည် ၁၀၀ ကျပ်ဖြစ်သဖြင့် ၅၁၀၀ ၊ ၅၂၀၀ ၊ ၅၅၀၀ အစရှိသည်တို့ဖြင့်သာ အော်ဒါတင်၍ရမည်ဖြစ်ပြီး ၅၁၅၀ ၊ ၅၃၅၀ ၊ ၅၃၇၀ အစရှိသည်တို့ဖြင့် အော်ဒါတင်၍ မရပါ။ )

Market Order and Limit Order

Market Order

  • Market Order ဆိုသည်မှာ ဝယ်ချင်/ရောင်းချင်သော ဈေးနှုန်းတစ်ခု သတ်မှတ်၍ အော်ဒါတင်ခြင်း မဟုတ်ဘဲ ဈေးကွက်တွင် မည်သည့်ဈေးဖြစ်စေ ၎င်းဈေးနှုန်းဖြင့် ဝယ်မည်/ရောင်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။
  • အဝယ်အော်ဒါဆိုပါက တစ်နေ့တာအတွင်း အမြင့်ဆုံးဖြစ်နိုင်သောဈေးအထိ ပေးဝယ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး အရောင်းအော်ဒါဆိုပါက တစ်နေ့တာအတွင်း အနိမ့်ဆုံးဖြစ်နိုင်သော ဈေးအထိ ဆင်းရောင်းနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
  • Market Order သည် Limit Order ထက် အရောင်းအဝယ်ပြုလုပ်ချိန်တွင် ဦးစားပေးအဆင့် ပိုမြင့်ပါသည်။
  • Market Order သည် Limit Order ထက် အော်ဒါအောင်မြင်ရန် ရာခိုင်နှုန်းပိုများပါသည်။

Limit Order

  • Limit Order ဝယ်ချင်/ရောင်းချင်သော ဈေးနှုန်းတစ်ခု သတ်မှတ်၍ အော်ဒါတင်ခြင်းဖြစ်ပါသည်။
  • Limit Order သည် သတ်မှတ်ထားသော ဈေးနှုန်းမဟုတ်ပါက အော်ဒါအောင်မည်မဟုတ်ပါ။
  • Limit Order သည် Market Order ထက် အရောင်းအဝယ်ပြုလုပ်ချိန်တွင် ဦးစားပေးအဆင့် နိမ့်ပါသည်။

ဦးစားပေးအဆင့် သတ်မှတ်ပုံ

  • ဈေးနှုန်းအရ ဦးစားပေးအဆင့် သတ်မှတ်ပုံ။ အခြားအော်ဒါများထက်သာသောဈေးနှင့်တင်သော အော်ဒါများသည် ဦးစွာအောင်မြင်နိုင်ချေရှိပြီး Market Order များအား ဈေးနှုန်းအရ ပထမ ဦးစားပေးအဆင့် သတ်မှတ်ပါသည်။
  • အချိန်အရ ဦးစားပေးအဆင့် သတ်မှတ်ပုံ။ အကယ်၍ ဈေးနှုန်းအရ ဦးစားပေးအဆင့်တူညီနေပါက အချိန်စော၍ တင်သောအော်ဒါက ဦးစွာအောင်မြင်နိုင်ချေရှိပါသည်။
  • Yangon Stock Exchange ၏ Matching method နှင့်ပတ်သတ်၍ သိရှိလိုပါက Yangon Stock Exchange website တွင်ဝင်ရောက်ဖတ်ရှုနိုင်ရန် ဤကိုနှိပ်ပါ။