အစိုးရငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်လေလံပြက္ခဒိန်

မြန်မာနိုင်ငံဗဟိုဘဏ်သည် အစိုးရငွေတိုက်စာချုပ်များကို ဈေးပြိုင်စနစ်ဖြင့် လတိုင်း ရောင်းချပြီး ထိုသို့ရောင်းချခြင်းသည် များသောအားဖြင့် လတစ်လ၏ တတိယ အင်္ဂါနေ့တိုင်းတွင် ရောင်းချလေ့ရှိပါသည်။ အစိုးရငွေတိုက်စာချုပ်များကို ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည့်နေ့ကို (၃)လ ကြိုတင်ကြေညာလေ့ရှိပါသည်။

Treasury Bonds Auction Calendar

No.Time
Months
Auction Date
153rd (GB0053)2021, January19-01-2021 ( Tuesday )
2
54th (GB0054)2021, February
16-02-2021 ( Tuesday )
355th (GB0055)
2021, March
23-03-2021 ( Tuesday )

Treasury Bills Auction Calendar

No.TimeMonthsAuction Dates
1138th (TB0138)
2021, January06-01-2021 ( Wednesday )
2139th (TB0139)2021, January27-01-2021 ( Wednesday )
3140th (TB0140)2021, February03-02-2021 ( Wednesday )
4141st (TB0141)
2021, February24-02-2021 ( Wednesday )
5142nd (TB0142)2021, March03-03-2021 ( Wednesday )
6143rd (TB0143)2021, March10-03-2021 ( Wednesday )
ပုံမှန်အားဖြင့် မြန်မာနိုင်ငံဗဟိုဘဏ်သည် လတစ်လ၏ ဒုတိယသောကြာနေ့တိုင်းတွင် လေလံဆွဲနိင်မည့် ငွေတိုက်စာချုပ်အမျိုးအစား၊ ငွေတိုက်စာချုပ်၏သက်တမ်း၊ ကူပွန်အတိုးနှုန်း နှင့် လေလံဝင်ဆွဲနိုင်သည့်ပမာဏ တို့ကို ထုတ်ပြန်ကြေငြာ လေ့ရှိပါသည်။

ဥပမာ – လေလံဆွဲမည့်နေ့သည် ၁၇ ရက်နေ့ (အင်္ဂါနေ့) ဖြစ်ခဲ့လျှင် ၁၃ ရက်နေ့ (သောကြာနေ့)တွင် မြန်မာနိုင်ငံဗဟိုဘဏ်သည် ကြေညာချက်ကို ထုတ်ပြန်လေ့ရှိပါသည်။

ငွေတိုက်စာချုပ်အမျိုးအစားနှင့် ကူပွန်အတိုးနှုန်း

အစိုးရငွေတိုက်စာချုပ်အမျိုးအစား

  • ၂ နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်
  • ၃ နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်
  • ၅ နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်

Coupons အတိုးနှုန်း

  • လတ်တလောတွင် အစိုးရငွေတိုက်စာချုပ်၏ သတ်မှတ်ထားသော တစ်နှစ်အတိုးနှုန်းမှာ ၇.၂၅% မှ ၇.၅၀% ဖြစ်ပါသည်။
  • ယင်းအတိုးနှုန်းအား တစ်နှစ် နှစ်ကြိမ်ပေးမည်ဖြစ်ပြီး ၊ ပုံမှန်အားဖြင့် မေ ၁၅ရက်နေ့တွင် တစ်ကြိမ် ၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် တစ်ကြိမ် ပေးလေ့ရှိပါသည်။
  • ထို့အပြင် အစိုးရငွေတိုက်စာချုပ်ဝယ်ယူသူများသည် မူရင်းတန်ဖိုးကို လျှော့၍ပေးဝယ်ရခြင်းမျိုးလည်း ရှိနိုင်ပါသည်။

Accrued Interest

Accrued Interest ဆိုသည်မှာ ငွေချေးစာချုပ်ဝယ်ယူရာတွင် လေလံအောင်မြင်ပြီးနောက် စာရင်းရှင်းလင်းသည့်နေ့နှင့် ယခင်ကူပွန်အတိုးပေးသည့်နေ့အကြားကာလအပိုင်းအခြားအတွက် ထပ်ဆောင်းပေးရမည့် အတိုးနှုန်း ကိုဆိုလိုပါသည်။
( ဥပမာ။ ။ လူကြီးမင်းသည် ငွေတိုက်စာချုပ်ကို ဧပြီလ ၂၀၁၉ ခုနှစ်တွင်ဝယ်ယူထားခဲ့သော်လည်း၊ မေလ ၂၀၁၉ ခုနှစ်တွင် ၆ လစာ ကူပွန်အတိုး ( နိုဝင်ဘာလ ၂၀၁၈ မှ မေလ ၂၀၁၉ အထိ) ကို လက်ခံရရှိမည်ဖြစ်ပါသည်။ အမှန်မှာ လူကြီးမင်းအနေဖြင့်ငွေတိုက်စာချုပ်ကို ဧပြီလ ၂၀၁၉ တွင်ဝယ်ယူခဲ့သည့်အတွက် တစ်လစာ ကူပွန်အတိုး ( ဧပြီလ ၂၀၁၉ မှ မေလ ၂၀၁၉ အထိ) ကိုသာ ခံစားပိုင်ခွင့်ရှိသည်ဖြစ်ပါသည်။ သို့သော် မေလ ၂၀၁၉ တွင် လူကြီးမင်းသည် ၆လစာ ကူပွန်အတိုးအားလုံးကို ရရှိမည်ဖြစ်ပြီး လူကြီးမင်း ခံစားပိုင်ခွင့်မရှိသော ၅ လစာ ကူပွန်အတိုးနှုန်းကိုပါ တစ်ပါထဲ လက်ခံရရှိလိမ့်မည်ဖြစ်ပါသည့် ထို့အတွက်ကြောင့် ငွေတိုက်စာချုပ်ဝယ်ယူရာတွင် ဤ ၅ လစာ ကူပွန်အတိုးကို တခါတည်း ကြိုတင် ပေးထားရခြင်းဖြစ်ပါသည်။ )

အစိုးရငွေတိုက်စာချုပ် ဝယ်ယူရာတွင်လုပ်ဆောင်ရမည့် အဆင့်များ

  • ကူပွန်အတိုးနှုန်း, accrued interest , yield rate နှင့် ကော်မရှင်ခတို့နှင့်ပက်သတ်၍ အသေးစိတ်သိရှိလိုပါက ဤနေရာမှတဆင့် CB Securities သို့ဆက်သွယ်နိုင်ပါသည်။