FAQ

သင်၏ အစုရှယ်ယာများသည် အမြတ်ဝေစုခံစားခွင့်ရှိပါက သင်၏ ဘဏ့်အကောင့် သို့မဟုတ် ငွေချေးသက်သေခံရောင်းဝယ်ရန်အကောင့်ထဲသို့ စာရင်း၀င်ကုမ္မဏီမှ အမြတ်ဝေစုပေးသည့်နေ့မှ ရုံးဖွင့်ရက် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း အမြတ်ဝေစုကို တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ပါ

မရရှိနိုင်ပါ။ CB Securities အနေဖြင့် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ထဲရှိ လက်ကျန်ငွေအတွက် အတိုးမပေးပါ။

အကောင့်ထဲတွင် ကျန်ရှိနေသောငွေအား မည်ကဲ့သို့ထုတ်ယူရမလဲ။

  • ဖုန်းခေါ်ဆိုမှုပြု၍ ငွေထုတ်ယူရာတွင်
    (အမည် ၊ မှတ်ပုံတင်အမှတ် ၊ Trading Account No. ၊ ဘဏ်အကောင့်နံပါတ် တို့ကိုပြောပြရန်လိုအပ်ပါသည်။ )
  • အီးမေးလ်ပို့၍ ငွေထုတ်ယူရာတွင်
    1. ပထမဆုံးအနေနှင့် ဤလင့်ခ်တွင် ဝင်ရောက်၍ ငွေထုတ်လွှာဖောင်ပုံစံကို ရယူပါ။
    2. ယင်းဖောင်တွင် လိုအပ်သောအချက်အလက်များကို ဖြည့်စွက်၍ လက်မှတ်ထိုးပါ။
    3. ဤလက်မှတ်ထိုးထားသော ငွေထုတ်လွှာဖောင်အား အောက်ဖော်ပြပါ CB Securities အီးမေးလ်လိပ်စာသို့ scan ဖတ်၍ဖြစ်စေ၊ ဓာတ်ပုံရိုက်၍ဖြစ်စေ ပြန်လည်ပေးပို့ရပါမည်။ အီးမေးလ် – contact@cbsecurities.com.mm
    4. အကောင့်ဖွင့်ခဲ့စဉ်၌ ဖော်ပြခဲ့သော ဖုန်းနံပါတ်ကို CB Securities မှ ခေါ်ဆို၍ ငွေထုတ်ယူရန်တောင်းဆိုမှုကို အတည်ပြုမည်ဖြစ်ပါသည်။

CB Securities အနေဖြင့် လစဉ် အကောင့်ရှင်းတမ်းကို အကောင့်ပိုင်ရှင်များထံသို့ လကုန်ရက်များတွင် ပို့ပေးလျက်ရှိပါသည်။

စာရင်းရှင်းလင်းခြင်းလုပ်ငန်းစဉ်သည် အရောင်းအဝယ်အောင်မြင်သည့်နေ့မှစ၍ ၃ ရက်မြောက်သောနေ့တွင် ဆောင်ရွက်ပါသည်။
(သတိပြုရန် ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များကို ထည့်တွက်ခြင်းမပြုပါ။)

တင်ထားသောအော်ဒါများကို ပြောင်းချင်၊ ပယ်ဖျက်ချင်ပါက အရောင်းအဝယ်မဖြစ်ခင်အချိန် သို့မဟုတ် အရောင်းအဝယ် အပြည့်အဝမအောင်မြင်သည့်အချိန် များတွင် ဆောင်ရွက်နိုင်ပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် –

  • ဖုန်းခေါ်ဆိုမှုပြု၍သော်လည်းကောင်း
  • CB Trader 2.0 Mobile Application မှတစ်ဆင့်သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

သို့သော် အော်ဒါအရောင်းအဝယ်ဖြစ်သွားပြီးပါက တင်ထားသောအော်ဒါအား ပယ်ဖျက်၍မရပါ။

  • သင်တင်ထားသော အရောင်းအဝယ်အော်ဒါအောင်မြင်ပါက “Trade Confirmation Letter” ကို လက်ခံရရှိမည်ဖြစ်ပါသည်။
  • ထိုနေ့၌ပင် “Confirmation and Contract Note” ကိုလည်း ညနေ (၅)နာရီထက်နောက်မကျ၍ လက်ခံရရှိမည်ဖြစ်ပါသည်။
  • မအောင်မြင်သွားသော အော်ဒါများသည် ထိုနေ့၏ အရောင်းအဝယ်ပြုလုပ်ချိန် Matching time များအတိုင်း ဆက်လက်သွားမည်ဖြစ်ပြီး ဈေးကွက်ပိတ်ချိန်တွင် သက်တမ်းကုန်သွားမည်ဖြစ်သည်။ သက်တမ်းကုန်သွားသော အော်ဒါများကို တစ်ဖန်ပြန်တင် နိုင်ပါသည်။

အရောင်းအဝယ်ပမာဏနှုန်းထားများ
1,000,000 ကျပ်နှင့်အောက်အရောင်းအဝယ် ပမာဏ၏ 1.0%
1,000,001 - 10,000,000 ကျပ်အရောင်းအဝယ် ပမာဏ၏ 0.7%
10,000,001 - 100,000,000 ကျပ်အရောင်းအဝယ် ပမာဏ၏ 0.5%
100,000,000 ကျပ်နှင့်အထက်အရောင်းအဝယ် ပမာဏ၏ 0.4%

အဝယ်အော်ဒါ ဖြစ်ပါက တံဆိပ်ခေါင်းခွန် 0.1% ပေးဆောင်ရပါမည်။

အရောင်းအဝယ်အော်ဒါတင်ခြင်းကို

  1. CB Trader Mobile Application (သို့) CB Securities website မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ခြင်း။
  2. ဖုန်းခေါ်ဆိုမှုပြုလုပ်၍ အရောင်းအဝယ်ပြုလုပ်ခြင်း။
  3. CB Securities ရုံးသို့ကိုယ်တိုင်လာရောက်၍ အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။

အရောင်းအဝယ်ပြုလုပ်ခြင်းအတွက် ငွေပေးသွင်းခြင်းကို ဘဏ်မှတစ်ဆင့် သို့မဟုတ် CB Mobile Banking Application မှတစ်ဆင့် သို့မဟုတ် CB Pay Application မှတစ်ဆင့်ဆောင်ရွက်နိုင်ပါသည်။

အကောင့်တစ်ခုဖွင့်ရန် မည်သည့်အဖိုးအခမှမပေးရပါ။ အကောင့်တစ်ခုဖွင့်လျှင် အနည်းဆုံးမည်မျှသွင်းရမည်ဟု သတ်မှတ်ချက်မရှိပါ။ နှစ်စဉ်ကြေးပေးဆောင်ရန်လည်းမလိုအပ်ပါ။ သို့သော် အရောင်းအဝယ်ပြုလုပ်ရန်အတွက် ရှယ်ယာတန်ဖိုးအပြင် ကော်မရှင်ခပေးဆောင်ရန်အတွက် အကောင့်ထဲတွင် ငွေအလုံအလောက်ရှိရပါမည်။ အဝယ်အော်ဒါတင်သူများအနေနှင့် အစိုးရတံဆိပ်ခေါင်းခွန်ခ (ဝ.၁%) ထပ်ဆောင်းပေးဆောင်ရမည်။

အကောင့်ဖွင့်ပြီးပါက Log in ဝင်ရန် ဂဏန်း ၉ လုံးပါ Trading ID Code ၊ လျှို့ဝှက်နံပါတ်တို့ပါသော welcome email တစ်စောင်အား လက်ခံရရှိပါမည်။

မြန်မာနိုင်ငံသားများနှင့် မြန်မာကုမ္ပဏီများအတွက်
တစ်ဦးချင်းစာရင်းဖွင့်လိုသူများ

  1. မှတ်ပုံတင်
  2. အိမ်ထောင်စုစာရင်းမိတ္တူ
  3. CB ဘဏ်ငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
  4. အီးမေးလ်လိပ်စာ

ပူးတွဲစာရင်းဖွင့်လိုသူများ

  1. မှတ်ပုံတင် (ပူးတွဲ)
  2. အိမ်ထောင်စုစာရင်းမိတ္တူ
  3. CB ဘဏ်ပူးတွဲငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
  4. အီးမေးလ်လိပ်စာ

ကုမ္ပဏီအကောင့်ဖွင့်လိုသူများ

  1. ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
  2. DICA မှ Company Extract
  3. စာရင်းဖွင့်လှစ်ရန် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် တာဝန်ယူဆောင်ရွက်မည့်သူ၏ အမည်
  4. တာဝန်ယူဆောင်ရွက်မည့်သူ၏ မှတ်ပုံတင်
  5. CB Bank ကုမ္ပဏီငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
  6. ရုံး၏အီးမေးလ်လိပ်စာ

ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန် အကောင့် အွန်လိုင်းမှ ဖွင့်လှစ်ရန် ဒီကို နှိပ်ပါ။

ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန် အကောင့် ဖွင့်လှစ်ရန် CB Securities ရုံးချုပ် သို့မဟုတ် နီးစပ်ရာ CB ဘဏ်ခွဲများသို့ ဆက်သွယ်ပါ။

ရှယ်ယာအရောင်းအဝယ်ပြုလုပ်လိုပါက ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ဖွင့်ထားရပါမည်။ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်သည် ဘဏ်အကောင့်နှင့် ဆင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် မိမိအကောင့်ထဲတွင် ရှယ်ယာပိုင်ဆိုင်မှုများကို ထားရှိနိုင်ပါသည်။

Main Board
Market Data on 30th March 2026

MYANPIX
625.25

0.64
Total Volume (shares)54,890
Total Value (MMK)240 mil
Listed Company8
Market Cap. (MMK)1,179,338 mil

Market Overview on 30th March 2026

(*Beta) Click the stock name to check the company candlestick chart.
Stock NameBase Price10 AM Matching Price10:30 AM Matching Price11 AM Matching Price11:30 AM Matching Price12 PM Matching Price12:30 PM Matching Price1 PM Matching PriceChange From Change From Base PriceVolume Traded at Matching TimeTotal Volume TradedMarket Cap(Million)
FMI

15,00014,50015,00014,50014,50014,50014,50015,000
0
0.00%
1232496,645
MTSH

6,3006,2006,2006,2006,2006,2006,2006,200
100
1.59%
2,0008,106241,361
MCB

9,1009,1009,2009,2009,2009,2009,6009,600
500
5.49%
050099,849
FPB

4,3004,3004,3004,5004,5004,4004,4004,400
100
2.33%
7,81534,322130,524
TMH

3,3503,3503,2503,2503,2503,4003,4003,400
50
1.49%
01343,599
EFR

1,9001,8501,9001,8501,8501,8501,8501,800
100
5.26%
3,5007,90335,959
AMATA

3,9503,9003,9003,9003,9003,9003,9503,900
50
1.27%
10711340,941
MAEX

3,8503,8503,8503,8503,8003,8003,8503,800
50
1.30%
1,1803,70190,459

Pre-Listing Board

PLB INDEX
2,949.93

52.09
Total Volume (shares)407
Total Value (MMK)9 mil
Registered Company2
Market Cap. (MMK)171,279 mil

Market Overview on 30th March 2026

Please be cautions that Pre-Listing Board is highly risky than the Main Board.

Stock NameBase Price10 AM Matching Price10:30 AM Matching Price11 AM Matching Price11:30 AM Matching Price12 PM Matching Price12:30 PM Matching Price1 PM Matching PriceChange From Change From Base PriceVolume Traded at Matching TimeTotal Volume TradedMarket Cap(Million)
MADPL (PLB)

3,3003,3003,3503,3503,3503,3503,3503,350
50
1.52%
019633,702
ASPGB (PLB)

40,00040,00040,00040,00040,00040,00039,00039,000
1000
2.50%
0211137,577