ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ဖွင့်ရန် မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။

မြန်မာနိုင်ငံသားများ နှင့် မြန်မာကုမ္ပဏီများအတွက်

  •  တစ်ဦးချင်းစာရင်းဖွင့်လိုသူများ
    1. မှတ်ပုံတင်အမှတ်
    2. CB Bank ဘဏ်စာရင်းအမှတ်
    3. အီးမေးလ်လိပ်စာ
  • ပူးတွဲစာရင်းဖွင့်လိုသူများ
    1. မှတ်ပုံတင် (ပူးတွဲ)
    2. အိမ်ထောင်စုစာရင်းမိတ္တူ
    3. CB Bank ဘဏ်စာရင်းအမှတ် (ပူးတွဲ)
    4. အီးမေးလ်လိပ်စာ
  • ကုမ္ပဏီအကောင့်ဖွင့်လိုသူများ
    1. ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
    2. DICA မှ Company Extract
    3. စာရင်းဖွင့်လှစ်ရန် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် တာဝန်ယူဆောင်ရွက်မည့်သူ၏အမည်
    4. တာဝန်ယူဆောင်ရွက်မည့်သူ၏မှတ်ပုံတင်
    5. CB Bank ကုမ္ပဏီဘဏ်စာရင်းအမှတ်
    6. ရုံး၏အီးမေးလ်လိပ်စာ