ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ဖွင့်ရန် ဘာစာရွက်စာတမ်းများလိုအပ်ပါသလဲ။

မြန်မာနိုင်ငံသားများနှင့် မြန်မာကုမ္ပဏီများအတွက်
တစ်ဦးချင်းစာရင်းဖွင့်လိုသူများ

  1. မှတ်ပုံတင်
  2. အိမ်ထောင်စုစာရင်းမိတ္တူ
  3. CB ဘဏ်ငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
  4. အီးမေးလ်လိပ်စာ

ပူးတွဲစာရင်းဖွင့်လိုသူများ

  1. မှတ်ပုံတင် (ပူးတွဲ)
  2. အိမ်ထောင်စုစာရင်းမိတ္တူ
  3. CB ဘဏ်ပူးတွဲငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
  4. အီးမေးလ်လိပ်စာ

ကုမ္ပဏီအကောင့်ဖွင့်လိုသူများ

  1. ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
  2. DICA မှ Company Extract
  3. စာရင်းဖွင့်လှစ်ရန် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် တာဝန်ယူဆောင်ရွက်မည့်သူ၏ အမည်
  4. တာဝန်ယူဆောင်ရွက်မည့်သူ၏ မှတ်ပုံတင်
  5. CB Bank ကုမ္ပဏီငွေစုစာအုပ်/ဘဏ်စာရင်းအမှတ်
  6. ရုံး၏အီးမေးလ်လိပ်စာ