FAQ

အစိုးရငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့်ဝယ်ခြင်းနှင့်ပတ်သက်သောမေးမြန်းစုံးစမ်းမှုများအတွက် CB Securities အစိုးရငွေ တိုက်စာချုပ်ဌာန၊ ဖုန်း – 09 407092233 သို့ ဆက်သွယ်နိုင်ပါသည်။

ဟုတ်ကဲ့၊ အွန်လိုင်းမှတဆင့်ဖွင့်လှစ်နိုင်ပါသည်။

အွန်လိုင်းမှတဆင့်ဖွင့်လှစ်လိုပါက လင့်ကို {account opening link} နှိပ်ပါ။

လိုအပ်သော စာရွက်စာတမ်းများမှာ

  1. မှတ်ပုံတင်အမှတ်
  2. CB Bank ဘဏ်စာရင်းအမှတ်
  3. အီးမေးလ်လိပ်စာ

သင်၏ အစုရှယ်ယာများသည် အမြတ်ဝေစုခံစားခွင့်ရှိပါက သင်၏ ဘဏ့်အကောင့် သို့မဟုတ် ငွေချေးသက်သေခံရောင်းဝယ်ရန်အကောင့်ထဲသို့ စာရင်း၀င်ကုမ္မဏီမှ အမြတ်ဝေစုပေးသည့်နေ့မှ ရုံးဖွင့်ရက် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း အမြတ်ဝေစုကို တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ပါ

မရရှိနိုင်ပါ။ CB Securities အနေဖြင့် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ထဲရှိ လက်ကျန်ငွေအတွက် အတိုးမပေးပါ။

  • CB Trader 2.0 app ကတဆင့် ငွေထုတ်ယူရာတွင်
    1. More ကိုသွားပါ။ E-Services မှ Request Withdrawal ကိုရွေးပါ။
    2. Available to Withdraw တွင် မိမိထုတ်ယူနိုင်သော ငွေပမာဏကို ကြည့်ရှုနိုင်ပါသည်။
    3. ထုတ်ယူလိုသောငွေပမာဏအား “Withdraw” အကွက်တွင် ဖြည့်သွင်းပါ။ ပြီးနောက် send ကို နှိပ်ပါ။
    4. ထုတ်ယူမည့်ငွေသားပမာဏအားမှန်ကန်ကြောင်းအတည်ပြုချက်ပေါ်လာလျှင် Insert PIN တွင် ကိုယ်ပိုင် PIN နံပါတ်အား ထည့်သွင်းပါ။ ထို့နောက် send ကိုနှိပ်ပါ။
  • ဖုန်းခေါ်ဆိုမှုပြု၍ ငွေထုတ်ယူရာတွင်

အောက်ဖော်ပြပါ အချက်အလက်များအား အတည်ပြုပေးရန်လိုအပ်ပါသည်။

    1. အမည်
    2. မှတ်ပုံတင်အမှတ်
    3. Trading Account No.
    4. ဘဏ်အကောင့်နံပါတ်
  • အီးမေးလ်ပို့၍ ငွေထုတ်ယူရာတွင်
    1. ငွေထုတ်လွှာ (Link: https://cbsecurities.com.mm/wp-content/uploads/2020/05/Withdrawal-slip-v.5.pdf) ကိုဒေါင်းလုပ်ရယူပါ။
    2. ငွေထုတ်လွှာဖောင်တွင် လိုအပ်သောအချက်အလက်များအား ဖြည့်စွက်ပြီး လက်မှတ်ထိုးပါ။  ထိုနောက် Scan ဖတ်၍ ဖြစ်စေ၊ ဓာတ်ပုံရိုက်၍ဖြစ်စေ CB Securities သို့ ပြန်လည်ပေးပို့ပါ။အီးမေးလ် – contact@cbsecurities.com.mm
    3. ငွေထုတ်ယူရန်တောင်းဆိုမှုအားအတည်ပြုရန်အတွက် Trading Account ဖွင့်ခဲ့စဥ်ကထည့်သွင်းခဲ့သော ဖုန်းနံပါတ်သို့  CB Securities မှ ဖုန်းခေါ်ဆိုမည်ဖြစ်ပါသည်။

 

CB Securities အနေဖြင့် လစဉ် အကောင့်ရှင်းတမ်းကို အကောင့်ပိုင်ရှင်များထံသို့ လကုန်ရက်များတွင် ပို့ပေးလျက်ရှိပါသည်။

စာရင်းရှင်းလင်းခြင်းလုပ်ငန်းစဉ်သည် အရောင်းအဝယ်အောင်မြင်သည့်နေ့မှစ၍ ၃ ရက်မြောက်သောနေ့တွင် ဆောင်ရွက်ပါသည်။
(သတိပြုရန် ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များကို ထည့်တွက်ခြင်းမပြုပါ။)

တင်ထားသောအော်ဒါများကို ပယ်ဖျက်လိုပါက အရောင်းအဝယ်မဖြစ်ခင်အချိန် သို့မဟုတ် အရောင်းအဝယ်အပြည့်အဝ မအောင်မြင် သည့်အချိန်များတွင် ဆောင်ရွက်နိုင်ပါသည်။

  • CB Trader 2.0 app မှတဆင့်သော်လည်းကောင်း၊
  • Trading desk သို့ ဖုန်းခေါ်ဆိုမှုပြု၍သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

သတိပြုရန်။ အရောင်းအဝယ်အောင်မြင်သွားသော အော်ဒါများအား ပယ်ဖျက်၍ မရပါ။

  • သင်တင်ထားသော အရောင်းအဝယ်အော်ဒါအောင်မြင်ပါက “Trade Confirmation Letter” ကို လက်ခံရရှိမည်ဖြစ်ပါသည်။
  • ထိုနေ့၌ပင် “Confirmation and Contract Note” ကိုလည်း ညနေ (၅)နာရီထက်နောက်မကျ၍ လက်ခံရရှိမည်ဖြစ်ပါသည်။
  • မအောင်မြင်သွားသော အော်ဒါများသည် ထိုနေ့၏ အရောင်းအဝယ်ပြုလုပ်ချိန် Matching time များအတိုင်း ဆက်လက်သွားမည်ဖြစ်ပြီး ဈေးကွက်ပိတ်ချိန်တွင် သက်တမ်းကုန်သွားမည်ဖြစ်သည်။ သက်တမ်းကုန်သွားသော အော်ဒါများကို တစ်ဖန်ပြန်တင် နိုင်ပါသည်။

အရောင်းအဝယ်ပမာဏနှုန်းထားများ
1,000,000 ကျပ်နှင့်အောက်အရောင်းအဝယ် ပမာဏ၏ 1.0%
1,000,001 - 10,000,000 ကျပ်အရောင်းအဝယ် ပမာဏ၏ 0.7%
10,000,001 - 100,000,000 ကျပ်အရောင်းအဝယ် ပမာဏ၏ 0.5%
100,000,000 ကျပ်နှင့်အထက်အရောင်းအဝယ် ပမာဏ၏ 0.4%

အဝယ်အော်ဒါ ဖြစ်ပါက တံဆိပ်ခေါင်းခွန် 0.1% ပေးဆောင်ရပါမည်။

အရောင်းအဝယ်အော်ဒါတင်ခြင်းကို

  1. CB Trader 2.0 mobile app (သို့) CB Trader 2.0 web trader မှတဆင့်ပြုလုပ်နိုင်ပါသည်။
  2. CB Securities Trading Desk သို့ ဖုန်းခေါ်ဆို၍ ပြုလုပ်နိုင်ပါသည်။
  3. CB Securities ရုံးသို့ ကိုယ်တိုင်လာရောက်၍ ပြုလုပ်နိုင်ပါသည်။

ငွေပေးသွင်းရန်နည်းလမ်းများ

  1. နီးစပ်ရာ CB ဘဏ်ခွဲများမှတဆင့် ငွေသွင်းခြင်း။
  2. CB Pay app မှတဆင့် ငွေသွင်းခြင်း။

အကောင့်တစ်ခုဖွင့်ရန် မည်သည့်အဖိုးအခမှမပေးရပါ။ အကောင့်တစ်ခုဖွင့်လျှင် အနည်းဆုံးမည်မျှသွင်းရမည်ဟု သတ်မှတ်ချက်မရှိပါ။ နှစ်စဉ်ကြေးပေးဆောင်ရန်လည်းမလိုအပ်ပါ။ သို့သော် အရောင်းအဝယ်ပြုလုပ်ရန်အတွက် ရှယ်ယာတန်ဖိုးအပြင် ကော်မရှင်ခပေးဆောင်ရန်အတွက် အကောင့်ထဲတွင် ငွေအလုံအလောက်ရှိရပါမည်။ အဝယ်အော်ဒါတင်သူများအနေနှင့် အစိုးရတံဆိပ်ခေါင်းခွန်ခ (ဝ.၁%) ထပ်ဆောင်းပေးဆောင်ရမည်။

ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့် ဖွင့်ပြီးပါက

  • ဂဏန်း ၉ လုံးပါ Trading ID code ပါဝင်သော Welcome Letter အီးမေးလ် နှင့်
  • တစ်ခါသုံး log-in လျှို့၀ှက်နံပါတ် နှင့် တစ်ခါသုံး transaction PIN ပါဝင်သော အီးမေးလ် တို့ရရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများ နှင့် မြန်မာကုမ္ပဏီများအတွက်

  •  တစ်ဦးချင်းစာရင်းဖွင့်လိုသူများ
    1. မှတ်ပုံတင်အမှတ်
    2. CB Bank ဘဏ်စာရင်းအမှတ်
    3. အီးမေးလ်လိပ်စာ
  • ပူးတွဲစာရင်းဖွင့်လိုသူများ
    1. မှတ်ပုံတင် (ပူးတွဲ)
    2. အိမ်ထောင်စုစာရင်းမိတ္တူ
    3. CB Bank ဘဏ်စာရင်းအမှတ် (ပူးတွဲ)
    4. အီးမေးလ်လိပ်စာ
  • ကုမ္ပဏီအကောင့်ဖွင့်လိုသူများ
    1. ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
    2. DICA မှ Company Extract
    3. စာရင်းဖွင့်လှစ်ရန် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် တာဝန်ယူဆောင်ရွက်မည့်သူ၏အမည်
    4. တာဝန်ယူဆောင်ရွက်မည့်သူ၏မှတ်ပုံတင်
    5. CB Bank ကုမ္ပဏီဘဏ်စာရင်းအမှတ်
    6. ရုံး၏အီးမေးလ်လိပ်စာ

  1. အွန်လိုင်းမှတဆင့်ဖွင့်လှစ်နိုင်ပါသည်။ အွန်လိုင်းမှတဆင့်ဖွင့်လှစ်လိုပါက လင့်ကို {account opening link} နှိပ်ပါ။
  2. နီးစပ်ရာ CB Bank ဘဏ်ခွဲများတွင် ဖွင့်လှစ်နိုင်ပါသည်။
  3.  CB Securities ရုံးသို့ လာရောက်ဖွင့်လှစ်နိုင်ပါသည်။

ရှယ်ယာအရောင်းအဝယ်ပြုလုပ်လိုပါက ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်ဖွင့်ထားရပါမည်။ ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရန်အကောင့်သည် ဘဏ်အကောင့်နှင့် ဆင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် မိမိအကောင့်ထဲတွင် ရှယ်ယာပိုင်ဆိုင်မှုများကို ထားရှိနိုင်ပါသည်။

Main Board
Market Data on October 8, 2026

MYANPIX
829.29

2.09
Total Volume (shares)4,012
Total Value (MMK)16 mil
Listed Company8
Market Cap. (MMK)1,573,055 mil

Market Overview for Main Board on October 8, 2026

(*Beta) Click the stock name to check the company candlestick chart.
Stock NameBase Price10 AM Matching Price10:30 AM Matching Price11 AM Matching Price11:30 AM Matching Price12 PM Matching Price12:30 PM Matching Price1 PM Matching PriceChange From Change From Base PriceVolume Traded at Matching TimeTotal Volume TradedMarket Cap(Million)
FMI

18,50019,00019,00019,00018,50018,50018,50018,500
0
0.00%
4120612,529
MTSH

8,7008,5008,6008,6008,6008,6008,7008,700
0
0.00%
0167338,684
MCB

12,50013,00012,50012,50012,50012,50012,50012,500
0
0.00%
0265130,012
FPB

7,0007,0007,0007,0007,0007,0007,0007,000
0
0.00%
050218,013
TMH

3,3503,3503,2003,2003,2003,2003,2003,200
150
4.48%
056641,034
EFR

1,7501,7001,7001,7001,7001,7001,7001,700
50
2.86%
02,33333,961
AMATA

4,3004,1004,1004,1004,1004,1004,1004,200
100
2.33%
55544,090
MAEX

6,5006,4006,4006,5006,5006,5006,5006,500
0
0.00%
251456154,732

Pre-Listing Board

PLB INDEX
8,278.10

0.00
Total Volume (shares)758
Total Value (MMK)4 mil
Registered Company2
Market Cap. (MMK)480,644 mil

Market Overview for Pre-Listing Board on October 8, 2026

Please be cautions that Pre-Listing Board is highly risky than the Main Board.

Stock NameBase Price10 AM Matching Price10:30 AM Matching Price11 AM Matching Price11:30 AM Matching Price12 PM Matching Price12:30 PM Matching Price1 PM Matching PriceChange From Change From Base PriceVolume Traded at Matching TimeTotal Volume TradedMarket Cap(Million)
MADPL (PLB)

6,4006,4006,4006,4006,4006,4006,4006,400
0
0.00%
0164,386
ASPGB (PLB)

5,9005,9005,9005,9005,9005,9005,8005,900
0
0.00%
42757416,258