အကောင့်တစ်ခုဖွင့်ရန် ဘယ်လောက်ကုန်ကျပါသလဲ။ အကောင့်တစ်ခုဖွင့်လျှင် အနည်းဆုံးဘယ်လောက်ငွေသွင်းရမည်ဟု သတ်မှတ်ချက်ရှိပါသလား။

အကောင့်တစ်ခုဖွင့်ရန် မည်သည့်အဖိုးအခမှမပေးရပါ။ အကောင့်တစ်ခုဖွင့်လျှင် အနည်းဆုံးမည်မျှသွင်းရမည်ဟု သတ်မှတ်ချက်မရှိပါ။ နှစ်စဉ်ကြေးပေးဆောင်ရန်လည်းမလိုအပ်ပါ။ သို့သော် အရောင်းအဝယ်ပြုလုပ်ရန်အတွက် ရှယ်ယာတန်ဖိုးအပြင် ကော်မရှင်ခပေးဆောင်ရန်အတွက် အကောင့်ထဲတွင် ငွေအလုံအလောက်ရှိရပါမည်။ အဝယ်အော်ဒါတင်သူများအနေနှင့် အစိုးရတံဆိပ်ခေါင်းခွန်ခ (ဝ.၁%) ထပ်ဆောင်းပေးဆောင်ရမည်။