အစိုးရငွေတိုက်စာချုပ်များနှင့် အစုရှယ်ယာများအရောင်းအဝယ်ပြုလုပ်နိုင်ရန် ငွေချေးသက်သေခံစာချုပ် ရောင်းဝယ်ခြင်း အကောင့်ဖွင့်ရန် လိုအပ်ပါသည်။ အကောင့်ဖွင့်ရန် ဤနေရာ ကို နှိပ်ပါ။
အရောင်း/အဝယ်ပြုလုပ်ပုံ အဆင့်ဆင့်
- အဝယ်အော်ဒါတင်သူများသည် ရှယ်ယာတန်ဖိုးနှင့် ကော်မရှင်ခအပြင် အစိုးရတံဆိပ်ခေါင်းခွန် ဝ.၁% ပေးချေရန်အတွက် မိမိအကောင့်ထဲတွင် ငွေအလုံအလောက်ရှိရပါမည်၊
- အရောင်း/အဝယ်အော်ဒါကို နည်း (၃) မျိုးဖြင့် တင်နိုင်ပါသည်။
- ၁။ CB Trader Mobile Application ဖြင့်သော်လည်းကောင်
- ၂။ ဖုန်းဆက်၍ သော်လည်းကောင်း
- ၃။ လူကိုယ်တိုင် CB Securities သို့လာရောက်၍ သော်လည်းကောင်း
အရောင်း/အဝယ် အောင်မြင်ခြင်း
- အရောင်း/အဝယ်အောင်မြင်ပါက သင်၏ email ထဲသို့
- ၁။ Trade Confirmation Letter
- ၂။ Contract Note
- ၃။ Transaction withholding Statement
စသည့်အထက်ဖော်ပြပါ email များ ရောက်ရှိလာပါလိမ့်မည်။
- သင့်အော်ဒါသည် အနီးကပ်ဆုံးအရောင်း/အဝယ်ပြုလုပ်နိုင်သည့်အချိန်အတွင်း မအောင်မြင်ခဲ့သော် သင်မဖျက်သိမ်းခဲ့ပါက ၎င်းအော်ဒါသည် ထိုနေ့ဈေးကွက်မပိတ်မချင်း အခြား အရောင်း/အဝယ် ပြုလုပ်နိုင်သည့်အချိန်များတွင် ဆက်လက်အကျုံးဝင်သွားမည်ဖြစ်သည်။ အော်ဒါများသည် တစ်နေ့တာအတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး ထိုနေ့အတွင်း မအောင်မြင်သွားသော အော်ဒါများအား ပြန်လည်တင်ရမည်ဖြစ်ပါသည်။
စာရင်းရှင်းလင်းခြင်း ( T+3 )
- စာရင်းရှင်းလင်းခြင်းလုပ်ငန်းစဉ်သည် အရောင်းအဝယ်အောင်မြင်သည့်နေ့မှစ၍ (၃) ရက်မြောက်သောနေ့တွင် ဆောင်ရွက်သည်။ ( သတိပြုရန်။ ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များကို ထည့်တွက်ခြင်းမပြုပါ။ )
- စာရင်းရှင်းလင်းပြီးသည့်နောက်တွင် ရှယ်ယာဝယ်ထားသူများသည် ရှယ်ယာရရှိမည်ဖြစ်ပြီး ၊ ရှယ်ယာရောင်းထားသူများသည် ငွေကြေးရရှိမည်ဖြစ်သည်။ ( သတိပြုရန်။ ။ အကယ်၍ ဝယ်ထားသောရှယ်ယာကိုပြန်ရောင်းလိုပါက နောက် matching time တွင်ပြန်ရောင်းနိုင်ပါသည်။ (၃) ရက်စောင့်ရန် မလိုပါ။ အကယ်၍ ရှယ်ယာရောင်းထားသောငွေဖြင့် ရှယ်ယာပြန်ဝယ်လိုပါက (၁) ရက်သာစောင့်ရန် လိုအပ်ပါသည်။ သို့သော် ရောင်း၍ရရှိသောငွေသားကို ထုတ်ယူလိုပါက (၃)ရက်စောင့်ရန် လိုအပ်ပါသည်။
အကျိုးဆောင်ခနှင့် ဝန်ဆောင်မှုနှုန်းထားများ
အရောင်းအဝယ်ပမာဏ | နှုန်းထားများ |
1,000,000 ကျပ်နှင့်အောက် | အရောင်းအဝယ် ပမာဏ၏ 1.0% |
1,000,001-10,000,000 ကျပ် | အရောင်းအဝယ် ပမာဏ၏ 0.7% |
10,000,001-100,000,000 ကျပ် | အရောင်းအဝယ် ပမာဏ၏ 0.5% |
100,000,000 ကျပ် နှင့်အထက် | အရောင်းအဝယ် ပမာဏ၏ 0.4% |
- အဝယ်အော်ဒါ ဖြစ်ပါက တံဆိပ်ခေါင်းခွန် 0.1% ပေးဆောင်ရမည်။
အရောင်းအဝယ်ပြုလုပ်နိုင်သည့်အချိန်
- YSX တွင် အရောင်းအဝယ်သည် တစ်နေ့လျှင် (၇) ကြိမ် ဖြစ်ပေါ်ပါသည်။
- နံနက် ၁၀ နာရီ
- နံနက် ၁၀း၃၀ နာရီ
- နံနက် ၁၁ နာရီ
- နံနက် ၁၁း၃၀ နာရီ
- နေ့လည် ၁၂ နာရီ
- နေ့လည် ၁၂း၃၀ နာရီ
- နေ့လည် ၁ နာရီ
- အရောင်း/အဝယ်အော်ဒါ တင်နိုင်သောအချိန်သည် နံနက် ၉ နာရီ မှ နေ့လည် ၁ နာရီ အတွင်းဖြစ်သည်။
- နေ့လည် ၁ နာရီနောက်ပိုင်းမှ တင်သောအော်ဒါများသည် မနက်ဖြန်အတွက် ကြိုတင်အော်ဒါ ( AMO – After Marker Order ) အဖြစ် သတ်မှတ်ပြီး ၎င်းအော်ဒါသည် နောက်တစ်နေ့ ဈေးကွက်ဖွင့်သည့်အခါ ပထမဆုံးအရောင်းအဝယ်ပြုလုပ်မည့်အချိန်တွင် အကျုံးဝင်မည်ဖြစ်ပါသည်။
Upper/Lower Limit and Tick Size
Base Price (MMK) | Price Limit (MMK)(upper/lower) | Tick Size (MMK) | |
From | Below | ||
1,000 | 100 | 10 | |
1,000 | 2,000 | 250 | 50 |
2,000 | 4,000 | 500 | 50 |
4,000 | 10,000 | 1,000 | 100 |
10,000 | 20,000 | 2,500 | 500 |
20,000 | 40,000 | 5,000 | 500 |
40,000 | 100,000 | 10,000 | 1000 |
- Upper Limit ဆိုသည်မှာ ရှယ်ယာတစ်ခု၏ တစ်နေ့တာအတွင်း အမြင့်ဆုံးဖြစ်နိုင်သော ဈေးကို ဆိုလိုသည်။
- Lower Limit ဆိုသည်မှာ ရှယ်ယာတစ်ခု၏ တစ်နေ့တာအတွင်း အနိမ့်ဆုံးဖြစ်နိုင်သော ဈေးကို ဆိုလိုသည်။
- Tick Size ဆိုသည်မှာ ရှယ်ယာတစ်ခု၏ တစ်ခါလျှင် ပြောင်းလဲတင်နိုင်သော ဈေးကိုဆိုလိုသည်။
( ဥပမာ။ ။ ရှယ်ယာတစ်ခုသည် ၅၀၀၀ ကျပ်ရှိပါက ၎င်း၏ တစ်နေ့တာအတွင်း အမြင့်ဆုံးရောက်နိုင်သောဈေးမှာ ၆၀၀၀ ကျပ်ဖြစ်ပြီး တစ်နေ့တာအတွင်း အနိမ့်ဆုံးရောက်နိုင်သော ဈေးမှာ ၄၀၀၀ ကျပ်ဖြစ်သည်။ Tick Size သည် ၁၀၀ ကျပ်ဖြစ်သဖြင့် ၅၁၀၀ ၊ ၅၂၀၀ ၊ ၅၅၀၀ အစရှိသည်တို့ဖြင့်သာ အော်ဒါတင်၍ရမည်ဖြစ်ပြီး ၅၁၅၀ ၊ ၅၃၅၀ ၊ ၅၃၇၀ အစရှိသည်တို့ဖြင့် အော်ဒါတင်၍ မရပါ။ )
Market Order and Limit Order
Market Order
- Market Order ဆိုသည်မှာ ဝယ်ချင်/ရောင်းချင်သော ဈေးနှုန်းတစ်ခု သတ်မှတ်၍ အော်ဒါတင်ခြင်း မဟုတ်ဘဲ ဈေးကွက်တွင် မည်သည့်ဈေးဖြစ်စေ ၎င်းဈေးနှုန်းဖြင့် ဝယ်မည်/ရောင်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။
- အဝယ်အော်ဒါဆိုပါက တစ်နေ့တာအတွင်း အမြင့်ဆုံးဖြစ်နိုင်သောဈေးအထိ ပေးဝယ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး အရောင်းအော်ဒါဆိုပါက တစ်နေ့တာအတွင်း အနိမ့်ဆုံးဖြစ်နိုင်သော ဈေးအထိ ဆင်းရောင်းနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
- Market Order သည် Limit Order ထက် အရောင်းအဝယ်ပြုလုပ်ချိန်တွင် ဦးစားပေးအဆင့် ပိုမြင့်ပါသည်။
- Market Order သည် Limit Order ထက် အော်ဒါအောင်မြင်ရန် ရာခိုင်နှုန်းပိုများပါသည်။
Limit Order
- Limit Order ဝယ်ချင်/ရောင်းချင်သော ဈေးနှုန်းတစ်ခု သတ်မှတ်၍ အော်ဒါတင်ခြင်းဖြစ်ပါသည်။
- Limit Order သည် သတ်မှတ်ထားသော ဈေးနှုန်းမဟုတ်ပါက အော်ဒါအောင်မည်မဟုတ်ပါ။
- Limit Order သည် Market Order ထက် အရောင်းအဝယ်ပြုလုပ်ချိန်တွင် ဦးစားပေးအဆင့် နိမ့်ပါသည်။
ဦးစားပေးအဆင့် သတ်မှတ်ပုံ
- ဈေးနှုန်းအရ ဦးစားပေးအဆင့် သတ်မှတ်ပုံ။ အခြားအော်ဒါများထက်သာသောဈေးနှင့်တင်သော အော်ဒါများသည် ဦးစွာအောင်မြင်နိုင်ချေရှိပြီး Market Order များအား ဈေးနှုန်းအရ ပထမ ဦးစားပေးအဆင့် သတ်မှတ်ပါသည်။
- အချိန်အရ ဦးစားပေးအဆင့် သတ်မှတ်ပုံ။ အကယ်၍ ဈေးနှုန်းအရ ဦးစားပေးအဆင့်တူညီနေပါက အချိန်စော၍ တင်သောအော်ဒါက ဦးစွာအောင်မြင်နိုင်ချေရှိပါသည်။
- Yangon Stock Exchange ၏ Matching method နှင့်ပတ်သတ်၍ သိရှိလိုပါက Yangon Stock Exchange website တွင်ဝင်ရောက်ဖတ်ရှုနိုင်ရန် ဤကိုနှိပ်ပါ။